အိပ်မက်တွေ အကောင်အထည်ဖေါ်ဖို့  ငါရင်ဘတ်နဲ့ ရွက်လွင့်နေတာ ညနေခင်းမှာ စိတ်ကူးတွေ ရွက်လွင့်နေတာ.....လေ
ကောင်းကင်အမိုးနဲ့တောင်မလွတ်ဘူး...။ ချစ်ခဲ့သမျှ ပုံအောပြီး ဝဲဘက်ရင်အုံးတစ်ခုလုံး ခံစားနှငိ့ ထုဆစ်ထားတာ အိပ်မက်မဟုတ်
ကြောင်း သက်တန့်ရောင်ကြားပြေးနေတဲံ့လိပ်ပြာအချို့သီပါတယ်....။ မယုံကြည်ခဲ့ရင် သစ္စာတရားတွေ တံခါးခေါက်လိမ့်ပါ.....။
ဟောဟောဒိုင်းဒိုင်း အရှိန်ပြင်းတဲ့ သံဃောဇဉ်အချိုများတွေ့ လိမ့်ရမယ်... ကြင်နာတတ်ရင် ...အပြဲုးလေးတချက်နှင့်ပဲ ဖြေသိမ့်ပေးပါ
မယ်.....။
တကယ်တော့ လူဆိုတာ နှလုံးသားနှင့် ထုဆစ်ထားတော့ ခက်တယ်... ချစ်ခြင်းမုန်းခြင်း အစွန်းတဖက်ဆီမှာ ချစ်ရသူတွေ
ရင်နာစရာကောင်းတဲ့ အလွမ်းတွေကြားမှာ ဇာတ်နာရနေတာ ...
ဘာမှ မဆိုင်တဲ့ လောကကြီးကိုခလုတ်တိုက်ကြတာ အလဲလဲ အကွဲကွဲ...ဒဏ်ရာနှဲ့
ဆေးဝေးနေကျတာ ခလောက်ဆံတဲ့ အလွမ်းတွေကြားပေါ့.........။
ဖြူစင်တဲ့ နှလုံးသားအချို့ မုသားဝါဒ လိုင်းတွေ ကို မတွန်းလန်နိုင်ကျတော့ ရင်ဘတ်တခုလုံးလိုက်စားခံရမှာ ကမ်းပါးပြို...
တိုးတိုးလေးတိုက်လေပြေကြား နှလုံးသားတွေ တစဆီကွဲလို့  ကြေ.. နေတိုင်းစားတဲ့ မနက်စာတွေ လတ်ဆတ်မူ မရှိတော့ဘူး...
အေးဆက်တဲ့ အပြုံးမှာ ညနေခင်းတိုင်း ..'''နေညိုချိန်ရယ်
လေညင်းလေး အမှောင်တွေ သယ်ဆောင်လာတဲ့ ည'''ကဲ သီချင်းညည်းဘူး တိုင်း
.....ဘဝရဲ့ လှိုင်းထဲ နှလုံးသားတွေ ......တွေ.....အစီပ်စီပ်ကွဲကြေနေရမှာပါ
လေ.....။
ဒီလို သေငယ်ဇောတွေမျောညနေမှာ တဖြန်းဖြန်းထနေတဲ့ကြား
ကံကြမ္မာ သားကောင် တွေ ဓါးပစ်ခံရတာ ကားကနဲ နေတာပဲ....။ဝေါကနဲ
ပြိုဆင်းသွားတာ လှနေတုန်းပဲ.....။
မတန်မရာ အိပ်မက်အချို့  သွားညပ်ပြီး ဘဝကို လက်ထိုးအန်ကြည့်တာ မပျော်ရွင်ခြင်း အချို့ မျှော်လင့်ခြင်းတွေ ထွက်ကျ
လာတာ ...ဖြူဖတ် ဖြူေ၇ာ် ပါဘဲ ....။မလုံခြုံတဲ့ အိပ်မက်တွေ ကြားမှာ လတ်ဆတ်ဘူးတဲ့ ညနေတိုင်း ပြန်မျှော်မီတယ်......
မျှော်လင့်ချက် အယူအဆတွေ ဗျာများနေတဲ့ကြားက ငါကောင်းကင်အကြည်ဓာတ်လေး လျော့နည်းသွားချိန် ကြယ်တွေ စွေ့စွေ့ခုန်
တစ်လုံးကြွေ ကျ ..အိပ်မက်တွေ ပိုးစိုးပက်စက် ဈေးလျှော့ခံရတာ ညနေခင်းတွေ အိပ်မက်တွေ မမက်ဝံလောက်အောင်ပဲ...။
ဒီလိုနဲ့ ဘဝ ဟာ သုညပါ ဆိုတဲ့ ကြားက ဝ လုံးကို ဂတုံး တုံပစ်လိုက်တာ အခွံတစ်ခုမှာ ရင်နာခြင်းတွေ့ ပြည့်နေတာပဲ ညနေ..
မပြေလည်တဲ့ကြား က ညနေကို ....ချစ်ရေးဆိုမိသူ.....မလုံတလုံအိပ်မက်တွေ တစ်ဘဝ စာ ရီုးသားခြင်းတွေ...ရှိသမျှအကုန်..
ကုန်ရအောင် ညခင်းတွေ သူမထံရိုးသားစွာပေးအပ်ခဲ့တယ်... ကြွေသွားပါပြီဆိုတဲ့ အိပ်မက်ကိုပေး အပ်ခဲ့တာ...သူမ မလိုချင်
လွင်ပစ်မယ်တဲ့...နင်းခြေပြီးထွက်သွားပေ့မဲ့ အိပ်မက်တွေ အတ္ထုပွိတ္တိ အကြောင်း ညနေခက်းလေးမှာရှိခဲ့တယ်.... ပျောက်ဆုံးနေတဲ့
ဘဝကို နောက်ဆုံး ရင်နာနာ ပဲ ညနေမှာ ငါ သွန်ချလိုက်ပြီ...................။